iCloud Storage ဟာ 5GB Free ပဲပေးထားတဲ့အတွက် Backup File
များစွာသိမ်းဆည်းထားချင်သူတွေ အဆင်မပြေမှုများဖြစ်ပေါ်နိုင်ပါတယ်....
ဒါပေမယ့်လဲ Apple မှ အဆိုပါပြသနာကိုဖြေရှင်းရန်အတွက် လစဉ် Storage Plan
ဝယ်သုံးနိုင်အောင် ပြုလုပ်ပေးထားလျက်ရှိပါတယ်.....
သင်နှစ်သက်ရာ Plan အလိုက် လစဉ်ဝယ်ယူနိုင်မှာဖြစ်ပြီး.. အဆိုပါ Plan ကိုမလိုချင်တော့ပါကလဲ မူလ 5GB Free Plan သို့ပြန်လည် Downgrade ပြုလုပ်နိုင်ပါတယ်....
အခုတော့ မိမိတို့ iPhone, iPad နှင့် iPod Touch များပေါ်မှ iCloud Storage Plan ကို မည်သို့ Upgrade ပြုလုပ်ရမည်ဖြစ်ကြောင်း ပုံနဲ့တကွတင်ပြပေးချင်ပါတယ်....
၁. Settings App ကို ၀င်ကာ iCloud ကို သွားပါ..

၂. iCloud Sign in ၀င်ထားတဲ့ မိမိ Account အောက်နားရှိ Storage ကိုနှိပ်ပါ...
၃. ထို့နောက် Change Storage Plan ကိုနှိပ်ပါ...
၎. မိမိအသုံးပြုလို့သော ပမာဏအလိုက် Storage Plan ကိုရွေးချယ်ကာ ၀ယ်ယူလိုက်ပါ
၅. ပြီးရင်တော့ ၀ယ်ယူတာပြီးဆုံးပြီဖြစ်ပြီး iCloud Storage Plan ကို များများသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်...
iCloud Storage Plan ကို လစဉ်ပေးဆောင်နေရမှာဖြစ်ပြီး.. ၀ယ်ယူထားသည့် နေ့စွဲမတိုင်ခင် တစ်ပါတ်အလိုမှာတော့ Apple မှ မိမိ Mail ကိုစာပို့ပါနေပါ့လိမ့်မယ်..... သုံးစွဲသူအနေနဲ့ Storage Plan ကို Downgrade လုပ်၍ Cancel မလုပ်မချင်း Monthly ပေးဆောင်နေရမှာဖြစ်ပါတယ်.....
မကြာခင် အချိန်မှာ iCloud Storage Plan Cancel လုပ်နည်းကို ထပ်မံတင်ပြပေးသွားပါမယ်...
အဆင်ပြေကြပါစေ . . .
THINK DIFFERENT . . .
HtetWai (iOSKnowledgeBank.MM)
0 Response to "How to upgrade iCloud Storage Plan on your iPhone, iPad & iPod Touch "
Post a Comment