မိမိရဲ့ iOS Device မှကားစီးရင်းဖြစ်ဖြစ်၊ ခရီးထွက်ရင်းဖြစ်ဖြစ်၊ Internet
Connection မလို. စာအုပ်လိုက်ကြီးသယ်ဆောင်နေစရာမလိုပဲ
စာအုပ်ဖတ်ချင်သူများအတွက် တင်ပြပေးလိုက်ပါတယ်.... Non-Jailbreak Device
များတွင်ပါအဆင်ပြေစေပြီး
မသိရှိသေးသောသူများအတွက်ရည်ရွယ်ကာ...ပြုလုပ်ပုံအဆင့်ဆင့်ကိုပုံနှင့်တကွဖော်ပြပေးလိုက်ပါတယ်....
တကယ်တမ်းခရီးထွက်ရင်တော့ ဖုန်းနဲ့ဖတ်ရှုရတာအဆင်မပြေလှပါဘူး.... Screen
Size ကြီးတဲ့ iPad နဲ့ဆိုရင်တော့ပိုအဆင်ပြေပါတယ်.. စကားချပ်အနေနဲ့Mobile
Device မှထွက်ရှိလာတဲ့
ရောင်ခြည်တွေကြောင့်လဲကြာကြာဖတ်ရင်မျက်စိညောင်းကိုက်လာခြင်းဖြစ်လာမည့်အတွက်
ဂရုစိုက်ကြပါလို့တော့ပြောချင်ပါတယ်...သို့ပေမယ့်လည်း...
မည်သို့မည်ပုံပြုလုပ်ရမည်ဖြစ်ကြောင်းမေးထားသောကြောင့်
အောက်တွင်ပုံနှင့်တကွရှင်းလင်း
တင်ပြပေးထားပါတယ်....
မိမိတို့ရဲ့ Device မှာတော့ Universal App တစ်ခုဖြစ်တဲ့ iBooks App ရှိထားဖို့တော့လိုအပ်ပါတယ်...ယခင် iOS များမှာတော့ Built in ပါဝင်လာခြင်းမရှိပေမယ့် iOS 8 မှာတော့ Universal App တစ်ခုအနေနဲ့ပါဝင်လာခဲ့ပါတယ်
- အကယ်၍ Mobile Safari ကနေ သင်ဖတ်ရှုလိုသောစာအုပ်ကို eBook/PDF အနေနဲ့ Downloadလုပ်နိုင်ခဲ့လျှင် အဆိုပါ Download Button ကိုနှိပ်ပေးလိုက်ပါ..Safari Browser ကနေတိုက်ရိုက်ဖတ်ရှုနိုင်ပါလိမ့်မယ်....... ထိုအခါတွင် ပုံတွင်ပြထားသည့်အတိုင်းဘယ်ဖက်အပေါ်ထောင့်၌ " Open in " ဆိုသည်ကိုတွေ့မြင်ရပါလိမ့်မယ်

- "Open in" ကိုနှိပ်လိုက်ရင်တော့
အောက်တွင်ပြထားသည့်ပုံအတိုင်းတွေ့မြင်ရပါလိမ့်မယ်... အဲ့ဒီ့အထဲမှ Open in
iBooks ကိုရွေးချယ်ပေးလိုက်ပါ
- ဒါဆိုရင်တော့ iBooks App ကိုရောက်ရှိသွားမှာဖြစ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပြီပဲဖြစ်ပါတယ်...
ဒီနည်းနဲ့ မိမိဖတ်ရှုလိုတဲ့စာအုပ်တွေကို Google မှရှာဖွေကာ တစ်ခါတည်းဖတ်ရှုနိုင်သလို တိုက်ရိုက်တခါတည်း Download ပြုလုပ်ပြီး iBooks မှနေလဲဖတ်ရှုနိုင်ပါတယ်....
အဆင်ပြေကြပါစေ
THINK DIFFERENT
HtetWai(iOSKnowledgeBank.MM)
0 Response to "How to dowload eBook/PDF on iOS Devices"
Post a Comment