3 Sep 13, 11:58 PM
မိုးထက်:အကိုရေ ကျွန်တော့်စက်က ဘာဖြစ်လို့လဲမသိဘူး အရင်က cd တို့usb တို့ run လိုက်ရင် play ဘောက်လေးပေါ်လာတယ် အခု မပေါ်တော့ဘူးဖြစ်နေတယ် ကူညီနိုင်ရင် ကူညီပါအုံးနော် စောင့်မျှော်လျှက်ပါ အကို :|
မိုးထက်:အကိုရေ ကျွန်တော့်စက်က ဘာဖြစ်လို့လဲမသိဘူး အရင်က cd တို့usb တို့ run လိုက်ရင် play ဘောက်လေးပေါ်လာတယ် အခု မပေါ်တော့ဘူးဖြစ်နေတယ် ကူညီနိုင်ရင် ကူညီပါအုံးနော် စောင့်မျှော်လျှက်ပါ အကို :|
ဒီလိုမေးခွန်းမျိုးကို
အရင်တုန်းကလည်း မေးထားဖူးတဲ့ သူတွေရှိပါတယ်..။ Cbox မှာပဲ
ပြန်ဖြေပေးခဲ့ပေမယ့် နောက်ပိုင်း ဒီလိုမေးခွန်းတွေအတွက်
အလွယ်ကြည့်လို့ရမယ့်၊ အဆင်ပြေမယ် ထင်လို့ ဒီပိုစ့်လေးကို
တင်ပေးလိုက်ပါတယ်..။ ကျနော်တို့ ဝင်းဒိုးထဲကို Media Player တွေနဲ့ Video
Editing ပရိုဂရမ်တွေ တခုပြီးတခု Install ထည့်လိုက်တဲ့အခါ
ဝင်းဒိုးထဲမှာပါတဲ့ Windows Media Player နဲ့ ပွင့်မလာတော့ပဲ ၎င်းတို့ရဲ့
အမိန့်ပေးထားမှုတွေကြောင့် ၎င်း Media Player တွေနဲ့ ပေါ်လာတတ်ပါတယ်..။
တချို့စက်တွေမှာကျတော့ ဆော့ဝဲလ်တွေရဲ့ အမိန့်ပေးထားမှုတွေကြောင့် AutoPlay
ကို ပိတ်ပစ်လိုက်တဲ့ အခါမှာလည်း ဒီလို ဘောက်စ်လေးတွေနဲ့
မပေါ်တတ်တော့ပါဘူး..။ အဲ့လိုဖြစ်သွားတဲ့ အခါမှာတော့ ဒီပိုစ့်မှာ ပြထားတဲ့
နည်းအတိုင်း လိုက်လုပ်ပေးလိုက်ရင် အရင်တုန်းကလို AutoPlay ဘောက်စ်လေးတွေနဲ့
အသုံးပြုရတာ ပြန်လည် အဆင်ပြေသွားပါလိမ့်မယ်..။ လုပ်နည်းကလည်း လွယ်ပါတယ်..။
ဒီလို AutoPlay ဘောစ်လေးနဲ့ ပေါ်ချင်တဲ့ သူများကတော့ အောက်မှာ လုပ်နည်းကို
ဆက်ကြည့်လိုက်ပါဗျာ..။ အရင်ဆုံး အောက်ကပုံအတိုင်း Control Panel ကိုသွားပါ..။
AutoPlay တူးလေးကို ရှာပြီး ကလစ်ပြီး ဖွင့်လိုက်ပါ..။
ရိုးရိုး AutoPlay ဘောက်စ်လေးပဲ ပေါ်ချင်ယုံပဲဆိုရင်တော့ အမှန်ခြစ်လေးထည့်ပြီး Save ကိုနှိပ်ပေးလိုက်ပါ..။ တကယ်လို့ ဝင်းဒိုးထဲက မူရင်း အော်ရယ်ဂျယ်နယ်အတိုင်း ပြန်လည်ဖြစ်ချင်တာ ဆိုရင်တော့ အောက်ဆုံးမှာရှိတဲ့ Reset all defaults စာသားလေးကို တချက်ကလစ်ပေးပြီးမှ Save ပါ..။
Reset all defaults စာသားကို
နှိပ်လိုက်ရင်တော့ အောက်က အစိမ်းရောင်နဲ့ ဝိုင်းပြထားသလိုမျိုး ပုံတွေ
ပြောင်းသွားမှာ ဖြစ်ပါတယ်..။ အပေါ်ကပုံနဲ့ အောက်ကပုံ မတူတော့ပါဘူး..။
ပြီးရင်တော့ Save ပေးလိုက်လို့ ရပါပြီ..။
အပေါ်ကအတိုင်း ပြောင်းပြီးသွားရင်တော့ ကျနော် DVD နဲ့ USB တွေ စက်မှာ
တပ်လိုက်တဲ့ အခါမှာတော့ အောက်ကပုံလေးအတိုင်း AutoPlay ဘောက်စ်လေးတွေ
ပေါ်လာပါပြီ..။
အားလုံးပဲ လုပ်တတ်၊ကိုင်တတ်၍ အဆင်ပြေကြပါစေ..။
Credit >>> လွင်မင်းဗိုလ်(နည်းပညာ)
0 Response to "CD/DVD နဲ့ USB တို့ တပ်လိုက်တဲ့အခါ AutoPlay ဘောက်စ်လေးနဲ့ ပေါ်ချင်ရင် ဒီအတိုင်း လုပ်ပေးလိုက်ပါ "
Post a Comment