Games

Social Counter

Samsung Galaxy Tab S on lollipop 5.0.2 ကိုအလွယ်တကူ Root လုပ်နည်း


မင်္ဂလာပါ
ဒီနေ့တော့ဘော်ဒါတစ်ယောက်ရဲ့ Tablet S ကို Root လုပ်ပေးပါဦး
ဆိုလို့ကျနော် CF auto Root နဲ့ဖောက်လိုက်ပါတယ်
လုံးဝအဆင်ပြေပါတယ်ခနလေးပဲကြာပါတယ်။

CF auto Root ဖြင့် Root လုပ်နည်းနဲ့ Tool ကို
အောက်မှာလေ့လာကြည့်ပါ။

CF Auto Root Twrp zip For Galaxy Tab S  

Odin version 10.6

Samsung USB Driver

Root လုပ်နည်း
============

ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
 Odin က PDA ဆိုတဲ့နေရာမှာ CF-Auto Root ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။

Download mode  ကိုဝင်ရန်အတွက် volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။ 

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
 ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Android is Upgrading ဆိုပြီး

ပေါ်လာပါမယ်။ ဒါဆိုရင်တော့ Root လုပ်ခြင်းပြီးစီးပါပြီ။

 CF-Auto-Root ဖြင့်
Root လုပ် နည်းကို အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ

CF-Root Method ကိုအသုံးပြုပြီး Samsung Device များကို Root အလွယ်လုပ်နည်း 

Method ကအားလုံး အတူတူပါ သိစေချင်တာက ဒီ CF-Auto-Root မျိုးနဲ့
Root လုပ်ပြီဆိုရင်တော့ များသားအားဖြင့် Samsung Device အားလုံးကို
Root လုပ်ပုံခြင်း အတူတူပဲဆိုတာပါပဲ။

တစ်ခါလောက် လုပ်ဖူးသွားရင်တော့ နောက်ဖုန်းအမျိုးအစားကိုလည်း
ဒီ နည်းလမ်းနဲ့ Root လုပ်ရတာ ပိုအဆင်ပြေတယ်ဆိုတာကို
သဘောပေါက်သွားမှာပါ။

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

Sign up here with your email address to receive updates from this blog in your inbox.

0 Response to "Samsung Galaxy Tab S on lollipop 5.0.2 ကိုအလွယ်တကူ Root လုပ်နည်း"

Post a Comment