မင်္ဂလာပါ
Samsung Galaxy Tab S on lollipop 5.0.2 များကို Root လုပ်နည်းများကို
တောင်းဆိုလာလို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။
အရင်လည်းကျနော်တင်ပေးဖူးတယ်ထင်ပါတယ်၊ ထားလိုက်ပါတော့
တောင်းဆိုလာတော့လည်း Up to Date ပေးရပေါ့လေ
Tab S တွင် Lollipop ဗားရှင်းအတွက် Root လုပ်နိုင်တဲ့နည်းကတော့
TWRP Method ဖြင့်ဖြစ်ပါတယ်၊ အခက်ကြီးမဟုတ်ပါ၊အလေ့အထရှိရင်တော့
ဒီနည်းလမ်းနဲ့ Root လုပ်ရတာအဆင်ပြေသွားမှာပါ
SM-T800/SM-T805/SM-T700/SM-705/SM-807 အားလုံးကို
ဒီနည်းလမ်းဖြင့်အလွယ်တကူ Root လုပ်နိုင်မှာလည်းဖြစ်ပါတယ်။
Samsung Galaxy Tab S on lollipop 5.0.2 များကို Root လုပ်နည်း
=========================
Samsung USB Driver ကိုအောက်ကလင့်မှာရယူပါ
Odin ကိုအောက်ကလင့်မှာရယူပါ
Root Tool Zip ဖိုင်ကိုအောက်ကလင့်မှာရယူပါ
အထက်ပါ Root Tool သည်
SM-T800 and SM-T805 တွေကို Support လုပ်ပေးပါသည်။
တစ်ခြားသော TWRP Root Tool များကိုအောက်ကလင့်မှာရယူပါ
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ CF-Auto Root ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode ကိုဝင်ရန်အတွက် volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Android is Upgrading ဆိုပြီး
ပေါ်လာပါမယ်။ ဒါဆိုရင်တော့ Root လုပ်ခြင်းပြီးစီးပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
0 Response to "Samsung Galaxy Tab S on lollipop 5.0.2 များကို Root လုပ်နည်း"
Post a Comment