ကဲ........ Xiaomi Devices တွေထဲကမှ " MI Phone " တွေက
အခုနောက်ပိုင်း လူကြိုက်များလာတာနဲ့ အမျှ အသုံးပြုသူတွေ ကလိတာပဲဖြစ်ဖြစ်
ကိုယ့်ဘာသာကို ပြုပြင်တာပဲဖြစ်ဖြစ် အခန့် မသင့်ရင် Firmware ပျက်တတ်ပါတယ်
အဲ့လိုပျက်လာတဲ့အခါမှာ တချို့ ဖုန်းတွေမှာတော့ Battery အရှင်ဖြစ်နေတော့ ကိစ္စမရှိပါဘူး
သူနဲ့ သက်ဆိုင်တဲ့ Rom.zip လေးတွေဒေါင်းပြီး SD Card ထဲထည့်ပြီး Recovery mode ကနေ
တင်ယုံပါပဲ Battery အသေဖုန်းတွေမှာ တိုင်ပတ်တာပါပဲ SD Card လည်း စိုက်မရ Zip ဖိုင်ကိုလည်း
ပေးမတင် ဒုက္ခရောက်ကြရော....... ကျွန်တော်ပြောမယ့်နည်းလမ်းလေးကတော့
အဲ့လို Battery အသေဖြစ်ပြီး Internal Storage ပဲပါတဲ့ဖုန်းတွေရေးနည်းလေးပါ
ကျွန်တော်လည်း သူ့ ဆိုက်မှာပြောတဲ့ အတိုင်းလိုက်လုပ်ကြည့်တာ အဆင်မပြေတော့
လိုက်ရှာ လိုက်လုပ်ရင်းနဲ့ တွေ့ ရှိလာတာပါ အားလုံးကို သိစေချင်လို့ ပြန်လည်
ဝေမျှပေးချင်လို့ ပါ :) :)
ကဲ..... အရင်ဆုံး ကိုယ့်ဖုန်းနဲ့ သက်ဆိုင်တဲ့ Fastboot Firmware လေးတွေကို
ဒီလင့်မှာသွားရောက်ကြည့်ရှု့ ဒေါင်းလိုက်ကြပါဗျာ
ပြီးရင် Fastboot ကနေရေးဖို့ အတွက် Tool လေးကို ဒီလင့်မှာဒေါင်းပါ
OR
ပြီးရင် Flashing Tool ကိုသွင်းပါ ဒီလိုကောင်လေးကိုဖွင့်ပါ
အဲ့မှာ ထိပ်ဆုံးက flash all except storage.bat ဘေးက browse ထဲကနေ ခုနက ကျွန်တော်တို့ 
ဖြည်ထားတဲ့ 7zip နဲ့ ဖြည်ထားတဲ့ အထဲက flash all.bat ဖိုင်လေးကိုရွေးပြီး OK ကိုနှိပ်ပေးပါ
ပြီးရင် ဖုန်းကို Vol Down နဲ့  Power Button ကိုနှိပ်ပြီး Fastboot Mode ကိုဝင်ပါ ပြီးရင်
ကွန်ပြုတာမှာထိုးပေးပါ အဲ့ဒါဆို ကွန်ပြုတာမှာ ဒီလိုလေးပေါ်လာပါလိမ့်မယ် မပေါ်ဘူးဆို Refresh ဆိုတာလေးနှိပ်ပေးလိုက်ပါ
ပြီးရင် Browse ဆိုတဲ့ ခလုပ်လေးနှိပ်ပြီး ကိုယ်ဖြည်ထားတဲ့ 7Zip နဲ့ ဖြည်ထားတဲ့ ဖိုဒါလေးရွေးပေးလိုက်ပါ
အဲ့ဒါဆို ကျွန်တော်ပြထားတဲ့အတိုင်းလေးပေါ်လာပါလိမ့်မယ် ပြီးရင်တော့ Flash ဆိုတာလေးနှိပ်လိုက်ပါ
ဒါဆို သူ့ ဟာသူ အကုန်လုံးလုပ်ဆောင်သွားပါလိမ့်မယ် ....အားလုံးပြီးဆုံးသွားရင်တော့
မိမိတို့ ဖုန်းလေးဟာ Fastboot Firmware Flashing ပြီးဆုံးသွားပါပြီ...
စာနည်းနည်းရှည်သွားတာတောင်းပန်ပါတယ် ကျွန်တော်နားလည်သလိုလေးရေးပေးထားပါတယ်
အမှားရင်တောင်းပန်ပါတယ်ဗျာ....... အားလုံးအဆင်ပြေကြပါစေဗျာ....
PDF အဖြစ်သိမ်းဆည်းထားချင်တဲ့ဘော်ဒါတွေကတော့
အောက်ကလင့်မှာဒေါင်းလော့ရယူပါ
credit-nyipaing
(nyipaing39@gmail.com)
Source >>> http://xiaomimyanmar.blogspot.com
အဆင်ပြေပါစေ
အေးကျော်(နည်းပညာ)
0 Response to "MI Devices များအတွက် Fastboot Firmware Flashing Guide အပြည့်အစုံ"
Post a Comment