Google က စွမ်းဆောင်ရည်မြင့် Huawei Nexus 6P ကို မိတ်ဆက်လိုက်ပါသည်။
Motorola Nexus 6 ၏ မျိုးဆက်ဖြစ်ပြီး နောက်ဆုံးထုတ် Android 6.0
Marshmallow ကို ထည့်သွင်းထားပါသည်။ ၅.၇ လက်မ 1440p AMOLED Display ,
Snapdragon 810, 32/64/128GB Storage တပ်ဆင်ထားပါသည်။
အရှေ့ဘက်မှာ စပီကာများ တပ်ဆင်ထားပြီး Laser Autofocus နည်းပညာပါသော 12.3MP
Camera ကို အနောက်ဘက်မှာ တပ်ဆင်ထားပါသည်။ အရှေ့ဘက်တွင် 8MP Camera
တပ်ဆင်ထားပြီး လျှင်မြန်စွာအားသွင်းနိုင်သော နည်းပညာပါသည့် USB Type C
ပါရှိပါသည်။ Fingerprint Scanner , 3450mAh Battery ပါရှိပါသည်။
အနောက်ဘက်ကင်မရာသည် ၂၀၁၅ ခုနှစ်တွင် စမတ်ဖုန်းများအတွက် စံနှုန်းဖြစ်လာသော
4K Video များနှင့် Slow Motion Video များကို ရိုက်ကူးနိုင်သည့်
စွမ်းရည်ပါရှိလာပါသည်။ လက်ဗွေရာ စကင်နာကို အနောက်ဘက်တွင် တပ်ဆင်ထားပြီး
Nexus Imprint ဟု အမည်ပေးထားပါသည်။ Nexus Imprint ၏ အခြား စကင်နာများထက်
ထူးခြားချက်မှာ အသုံးပြုသူ၏ ထောင့်မျိုးစုံမှ လက်ဗွေရာဒေတာများစွာကို
သိမ်းဆည်းထားသည့်အတွက် အသုံးပြုမှုများလေလေ စွမ်းရည်မြင့်မားလေလေဖြစ်ပါသည်။
Nexus 6P တွင် Google ၏ Stock Android မောင်းနှင်မည် ဖြစ်ပြီး
အခြားဖုန်းထုတ်လုပ်သူများထံမှ ဆော့ဝဲများနှင့် ပေါင်းစည်းခြင်းမရှိပါ။
ထို့အတွက် Android OS အသစ်ထွက်တိုင်း Nexus Device များသည် အစောဆုံး
ရရှိကြပါသည်။ Huawei က ထုတ်လုပ်ပေးသော Nexus 6P ၏ အခြေခံဈေးနှုန်းမှာ ဒေါ်လာ
၄၉၉ ဖြစ်ပြီး အောက်တိုဘာလကုန်ပိုင်းတွင် ရောင်းချမည်ဟု Google က
ပြောပါသည်။
Credit; www.myanmardigitallife.com
0 Response to "GOOGLE က HUAWEI NEXUS 6P ကို ကြေညာ"
Post a Comment