Facebook မှညီအကိုတစ်ယောက်တောင်းဆိုထားတဲ့
GALAXY ACE 4 SM-G313M ROOT လုပ်နည်းကိုအားလုံးလည်းအဆင်ပြေသွားအောင်
ပြန်လည်မျှဝေပေးလိုက်ပါတယ်။တော်တော်များလည်းဒီဖုန်းအတွက်
Root လုပ်နည်းများကိုတင်ပြီးဖြစ်ကြမှာပါဒီဖုန်းအတွက် Root Apk ဖြင့်တော့
Root Access ရှိနိုင်မလားဆိုတာတော့
မပြောတတ်ပါ CWM သွင်းပြီး Root လုပ်ရမှာဖြစ်လို့ ကွန်ပျူတာနဲ့မှအဆင်ပြေမှာပါ
Root လုပ်ရန်အတွက်လိုအပ်တာတွေကို
အောက်ကလင့်မှာအရင်ဒေါင်းလော့ရယူလိုက်ပါ
Click Here to Download Odin Tool
Samsung Device တွေအတွက် USB Drivers များကို
အောက်ကလင့်မှာစိတ်ကြိုက်ရွေးပြီးဒေါင်းလော့ရယူပါ
Samsung USB Drivers for all Device
CWM recovery ကိုအောက်ကလင့်မှာရယူပါ
DOWNLOAD CWM FOR SM-G313M
DOWNLOAD CWM FOR SM-G313M
SuperSu ကိုအောက်ကလင့်မှာရယူပါ
UPDATE-SuperSU-v2.01.zip
UPDATE-SuperSU-v2.01.zip
CWM recovery သွင်းနည်း
================
CWM သွင်းတာက Odin Method ကိုပဲအသုံးပြုတာဖြစ်လို့
Firmware ကို Flash ပြုလုပ်တာနဲ့အလားတူပါတယ်။
၁။ Odin ကိုဖွင့်လိုက်ပါ
၂။ PDA ကိုကလစ်ပြီးဒေါင်းယူထားတဲ့ CWM ဖိုင်ကိုထည့်ပါ။
၃။ ဖုန်းကိုပါဝါပိတ်ပြီး volume down + home + power ကိုနှိပ်ပြီး
Download Mode သို့ဝင်လိုက်ပါ၊ ပြီးရင် volume up ကိုထပ်နှိပ်ပေးလိုက်ပါ။
၎။ ဖုန်းနှင့် computer ကို USB ကြိုးဖြင့်ချိတ်ဆက်လိုက်ပါ။
ID:COM နေရာတွင် အပြာရောင်ပေါ်နေခဲ့ရင်တော့
Start ကိုနှိပ်ပေးပြီး CWM သွင်းပေးလိုက်ပါ။
၅။ CWM Process ပြီးလို့ Odin မှာ PASS ပြသွားပြီး
ဖုန်း Reboot ကျသွားပါလိမ့်မယ်။ ပြန်တက်လာရင်တော့
သင့်ဖုန်းမှာ CWM သွင်းတာအောင်မြင်သွားပါပြီ။
SuperSU Zip ဖိုင်ကို Recovery Mode မှသွင်းတည်း
===========================
၁။ UPDATE-SuperSU-v2.01.zip ဖိုင်ကို memory card သို့ကူးထည့်လိုက်ပါ။
၂။ ပြီးလျှင်ဖုန်းကိုပါဝါပိတ်ပြီး volume up + home + power ကိုတွဲနှိပ်ပြီး
Recovery Mode သို့ဝင်လိုက်ပါ။
၃။ Recovery Mode တွင် UPDATE-SuperSU-v2.01.zip ဖိုင်ကို
Install from sdcard ဆိုပြီးတစ်ခုချင်းစီနှိပ်သွားပေးလိုက်ပါ။
၎။ ပြီးရင် Reboot system now ကိုနှိပ်ပြီးဖုန်းကို Reboot ချပေးလိုက်ပါ။
၅။ ဖုန်းပြန်တက်လာတဲ့အခါမှာတော့ SuperSu လေးသင့်ဖုန်းမှာရောက်နေပါပြီ။
အားလုံးကိုကျေးဇူးတင်ပါတယ်
ဇူးနစ်(နည်းပညာ)
0 Response to "GALAXY ACE 4 SM-G313M 4.4.2 ROOT လုပ်နည်း"
Post a Comment