Games

Social Counter

Windows တွေမှာ Right Click အသုံးပြုလို့မရအောင်၊ မပေါ်အောင် လုပ်နည်း


မိမိတို့ရဲ့ ဝင်းဒိုးတွေမှာ Right Click အသုံးပြုလို့ မရအောင် (သို့) မပေါ်အောင် လုပ်ထားချင်ရင်တော့ ဒီပိုစ့်ကနည်းနဲ့ အဆင်ပြေပါတယ်..။ ဒါကတော့ ကျနော့် သူငယ်ချင်းတစ်ယောက်က သူ့စက်ကို သူမရှိတဲ့အချိန်မှာ သိပ်ကလိတဲ့ သူ့သူငယ်ချင်းတွေကြောင့် Desktop က ပုံတွေ ပြောင်းလိုက် ၊ စက်ထဲက ဖိုင်တွေပျောက်လိုက် ၊ ဆော့ဝဲလ်တွေ ထည့်လိုက် ၊ ထုတ်လိုက်နဲ့ လုပ်ချင်တိုင်း လုပ်နေလို့ ဝင်းဒိုးရဲ့ Right Click ကို မပေါ်အောင် ဖျောက်ထားချင်တယ်ဆိုလို့ ကျနော် လုပ်ပေးလိုက်တဲ့ နည်းလေးပါ..။ ဒီနည်းနဲ့ အဆင်ပြေသွားတဲ့ အတွက် သူ့သူငယ်ချင်းတွေလည်း သူ့စက်ကို ကြည့်ယုံသာ၊ အသုံးပြုယုံသာ ရပြီး တခြား အပိုတွေ ကလိလို့ မရတော့ပါဘူး..။ ဒါကြောင့် ဒီနည်းလေးက ကျနော့်သူငယ်ချင်းအတွက် အတော်လေး အသုံးဝင်သွားတဲ့ နည်းလေးပါ..။ ဒီလုပ်နည်းကတော့ မိမိတို့ ဝင်းဒိုးရဲ့ Regedit ထဲမှာ ဖိုင်လေးတွေနဲ့ စာကြောင်းလေး သုံးကြောင်းကို ဖန်တီးထည့်ပေးပြီး စက်ကို Restart ပေးလိုက်ရင် ရသွားပါပြီ..။ Right Click ပြန်ပေါ်လိုရင်တော့ အဲ့ဒီစာကြောင်း ၃-ကြောင်းကို Regedit ထဲမှာ သွားပြန် ဖျက်ပေးပြီး စက်ကို Restart ပြန်ပေးလိုက်ရင် Right Click ကို ပြန်လည် အသုံးပြုလို့ ရပါပြီ..။ ဝင်းဒိုးရဲ့ Regedit ထဲမှာ ဒီဖိုင်လေးတွေကို ဖန်တီးတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ အစအဆုံး လုပ်ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

ေေ  အောက်ကပုံလိုမျိုး ဖေါ်လို့ရတဲ့ Right Click ကို မပေါ်အောင် ဖျောက်ထားမှာပါ..။ 


အရင်ဆုံး အောက်ကပုံလေးအတိုင်း Search (or) Run ဘောက်စ်မှာ regedit လို့ ရိုက်ထည့်ပြီး OK (or) Enter နဲ့ ဝင်းဒိုး Regedit ကို ခေါ်လိုက်ပါ..။



Registry Editor ပေါ်လာရင်တော့ အောက်ကပုံတွေမှာ ပြထားတဲ့အတိုင်း HKEY_CURRENT_USER >> Software >> Microsoft >> Windows >> CurrentVersion >> Policies >> Explorer ထိ အဆင့်ဆင့်ဝင်သွားလိုက်ပါ..။




အပေါ်ကပုံနေရာကို ရောက်ရင်တော့ ညာဘက်က နေရာလွတ်မှာ Right Click >> New ကနေပြီး DWORD နေရာကကို ကလစ်ပြီး ဖိုင်တခုကို ခေါ်လိုက်ပါ..။ အဲ့ဒီဖိုင်ကို အောက်ကပုံမှာ ပြထားတဲ့အတိုင်း Name ကို NoViewContextMenu လို့နာမည်ပေးပြီး Modify ကနေ Value Data တန်ဖိုးကို 1 လို့ ထားပေးလိုက်ပါ..။



ကီးဘုတ်မှ တိုက်ရိုက်ရေးထည့်လို့ မရရင်တော့ အပေါ်ပုံအတိုင်း Notepad မှာ 1 လို့ ရေးပြီး copy-paste နဲ့ အောက်ကပုံအတိုင်း ထည့်ပေးလိုက်ပါ..။ ပြီးရင် OK ပေးလိုက်ပါ..။


အောက်ကပုံအတိုင်း Value မှာ 1 နဲ့ ဖိုင်လေးတခု ရရှိပါပြီ..။ နောက်ထပ်ဖိုင်တခုကိုလည်း အဲ့ဒီနေရာမှာပဲ အပေါ်ကနည်းအတိုင်း New >> DWORD ကနေ ဖိုင်တခု ထပ်ဖန်တီးလိုက်ပါ..။



Rename နဲ့ ဒီဖိုင်ရဲ့နာမည်ကို NoTrayContextmenu လို့ ပေးပြီး.. Modify ကနေ Value Data တန်ဖိုးကိုတော့ အပေါ်ကအတိုင်း 1 လို့ပဲ ထားပေးလိုက်ပါ..။ ပြီးရင် OK ပေးလိုက်ပါ..။





အပေါ်ပုံအတိုင်း ဖိုင်၂-ခုကို ဖန်တီးယူလို့ ပြီးသွားရင်တော့ နောက်ထပ် ဖိုင်တခုကို အောက်ကပုံအတိုင်း အဆင့်ဆင့် HKEY_CURRENT_USER >> Software >> Microsoft >> Windows >> CurrentVersion >> Explorer >> Advanced အထိ ဝင်သွားလိုက်ပါ..။




Advanced ဖိုင်ကို တချက်ကလစ်ပြီး အပေါ်ပုံအတိုင်း ညာဘက် နေရာလွတ်မှာ Right Click >> New >> DWORD ကို ကလစ်ပါ..။  အဲ့ဒီဖိုင်ရဲ့ နာမည်ကိုတော့ TaskbarContextMenu လို့ နာမည်ပေးပြီး Value ကိုတော့ 0 လို့ပဲ ထားပေးပါ..။



ပြီးရင်တော့ အပေါ်ပုံအတိုင်း Registry Editor ကို Exit နဲ့ ထွက်ပြီး.. အောက်ကပုံအတိုင်း ဝင်းဒိုးကို Restart ပေးလိုက်ပါ..။ ဝင်းဒိုး ပြန်တက်လာရင်တော့ Right Click တွေ နှိပ်လို့ မပေါ်တော့ပါဘူး..။


အောက်ကပုံလေးတွေကတော့ ကျနော့်စက်မှာ Right Click နှိပ်လို့ မပေါ်တော့တဲ့ ပုံလေးတွေပါ..။



Taskbar က Icon ပုံတွေမှာဆိုရင်တော့ အပေါ်ကပုံအတိုင်း ပေါ်တတ်ပါတယ်..။ တခြား ဖိုင်တွေနဲ့ ဝင်းဒိုးထဲက နေရာတွေမှာတော့ အောက်ကပုံအတိုင်း Right Click နှိပ်လို့ မပေါ်တော့ပါဘူး..။


မိမိတို့ရဲ့ ဝင်းဒိုးထဲမှာ Right Click ပြန်ပေါ်လိုရင်တော့ အောက်ကပုံလေးတွေအတိုင်း အပေါ်မှာ ဖန်တီးထားခဲ့တဲ့ ဖိုင်လေးတွေကို အဆင့်ဆင့် ပြန်ဝင်ပြီး Delete နဲ့ လိုက်ဖျက်ပစ်ပေးလိုက်ရင် ရပါပြီ..။ ဖိုင်တွေလိုက်ဖျက်ပေးပြီးရင်တော့ စက်ကို Restart လုပ်ပေးလိုက်ပါ..။ စက်ပြန်တက်လာရင်တော့ မိမိတို့ရဲ့ ဝင်းဒိုးတွေမှာ Right Click ကို ပြန်လည် အသုံးပြုလို့ ရသွားပါပြီ..။




 ဒါဆိုရင်တော့ ဝင်းဒိုးတွေမှာ Right Click ပေါ်အောင် ၊ မပေါ်အောင် လုပ်နည်းလေးကို လုပ်တတ်သွားပါပြီ..။ အားလုံးပဲ အသုံးပြုတတ်၍ အဆင်ပြေကြပါစေ..။
 Credit >>> လွင်မင်းဗိုလ်(နည်းပညာ)

Sign up here with your email address to receive updates from this blog in your inbox.

0 Response to "Windows တွေမှာ Right Click အသုံးပြုလို့မရအောင်၊ မပေါ်အောင် လုပ်နည်း"

Post a Comment