တကယ်တော့ iPhone အသုံးပြုသူတို့အနေနဲ့ Jailbreak မပြုလုပ်သင့်ပါဘူး။
iPhone ကို အသုံးပြုခြင်းဆိုတာ Apple ရဲ့ လုံခြုံရေးကိုယုံကြည်ချင်လို့ ၊
Apple ကပေးတဲ့ ဝန်ဆောင်မှုတွေကို အကောင်းဆုံး အသုံးချချင်လို့ဖြစ်ပါတယ်။
ဒါကို Jailbreak လုပ်လိုက်မယ်ဆိုရင် Apple ကပေးထားတဲ့ လုံခြုံရေး စနစ်ကို
ချိုးဖောက်ရာရောက်တဲ့အပြင် ၊ Apple ကပေးတဲ့ ဝန်ဆောင်မှုအချို့ကိုလည်း
ဆုံးရှုံးသွားမှာဖြစ်ပါတယ်။
iPhone ဟာ ဟိုးအရင်ကတည်း ၉၂ မျိုးသော iOS Malware များရဲ့ တိုက်ခိုက်မှုကို
ခံနေရတဲ့ Brand တစ်မျိုးဖြစ်ပါတယ်။ ဒီ Malware တွေရဲ့ ရန်ကို
ကာကွယ်လွန်းတဲ့ Apple ရဲ့ ကာကွယ်မှုတွေကြောင့် ဘယ်လိုမှ
တိုက်ခိုက်လို့မအောင်မြင်နိုင်ဘူးဖြစ်နေပါတယ်။
ဒီလိုတိုက်ခိုက်မှုမအောင်မြင်တဲ့ Malware တွေက iPhone ရဲ့ ဟာကွက်ကို
အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်နေကြလေရဲ့။ ဒီဟာကွက်ကတော့ Apple က iPhone
အပေါ်ပေးထားတဲ့ လုံခြုံရေးစနစ် ကျိုးပေါက်ခြင်းပါပဲ။ ဒါကိုသတိမထားမိတဲ့
iPhone အသုံးပြုသူတွေဟာ Jailbreak ပြုလုပ်ခြင်းဆိုတဲ့အရာနဲ့ Apple ရဲ့
လုံခြုံရေးစနစ်ကို ချိုးဖောက်လိုက်ပါတယ်။ ဒီအချိန်မှာတော့
အသင့်စောင့်ဆိုင်းနေတဲ့ Maleware တွေက မိမိတို့ iPhone ရဲ့
ကျိုးပေါက်နေတဲ့ လုံခြုံရေးစနစ်ထဲကို ဝင်ရောက်မွှေနှောက်ကြတဲ့အပြင် user
တို့ရဲ့ Apple ID Account တွေနဲ့ Password
တွေပါရယူပိုင်ဆိုင်သွားကြပါတော့တယ်။
အခုဆိုရင် Maleware တွေဟာ နိုင်ငံ ၁၈ နိုင်ငံမှာရှိတဲ့ iPhone
အသုံးပြုသူတို့ရဲ့ Apple ID ပေါင်း 225,000 ခုနဲ့ Password တွေကို
ရယူပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ ဒါဟာ Jailbreak ပြုလုပ်ထားတဲ့ iPhone
တွေသာဖြစ်သွားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ Jailbreak ပြုလုပ်မထားတဲ့ iPhone
တွေမှာတော့ လက်ရှိအချိန်အထိ လုံခြုံရေးအားကောင်းနေဆဲပါပဲ။
Ref : Mashable
အောင်ကိုထက် (MMA)
#aungkohtet_mma
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
0 Response to "Jailbreak လုပ်ထားတဲ့ iPhone များဆီမှ Apple ID Account များခိုးယူ"
Post a Comment